Download !

The Perfection (2018)

0 views

ဒီဇာတ်လမ်းကို ညွှန်းရင် ဘယ်လိုညွှန်းရမလဲ စဉ်းစားရပါတယ်။

ဘာလို့လဲဆိုတော့ Plot Twist တွေက ပါပြီးရင်းပါနေတာဆိုတော့ ပြောလိုက်ရင်လည်း Spoil ဖြစ်မှာ စိုးပါတယ်။Plot Twist များများနဲ့ ရင်တထိတ်ထိတ် ခုန်နေရမယ့်
ကားမျိုးကြည့်ချင်ရင်တော့ ဒီဇာတ်လမ်းကိုသာ ကြည့်လိုက်ပါဗျာ။တကယ့်ကို သည်းထိတ်ရင်ဖိုပါပဲ။အသည်းတယားယား ရင်တဖိုဖိုနဲ့ ဘာပြီးရင်ဘာဖြစ်မယ်ဆိုတာကို မှန်းလို့မရတဲ့ ဇာတ်လမ်းမျိုးပါ။ဇာတ်လမ်းအကျဉ်းကတော့ ချယ်လိုပညာရှင်နှစ်ဦးရဲ့ဇာတ်လမ်းပါပဲ။လွန်ခဲ့တဲ့ဆယ်နှစ်ကျော်က အမေကလေဖြတ်သွားလို့ အိမ်ပြန်ခဲ့ရတဲ့ ချယ်လိုပညာရှင် နဲ့ယခုလက်ရှိ ဂီတလောကမှာ အောင်မြင်နေတဲ့လူငယ်ချယ်လိုပညာရှင်တို့ နှစ်ယောက်ကြားက ဇာတ်လမ်းလေးပါ။သူတို့နှစ်ယောက် ဆုံတွေ့မှုကနေ စခဲ့တဲ့ ဇာတ်လမ်းလေးပါ။နောက်ဆက်တွဲတွေက ဘာဖြစ်မလဲဆိုတာကိုရင်တထိတ်ထိတ်နဲ့ ခုန်ပြီး ကြည့်မှ အရသာရှိမှာပါ။ပြောပြရင် ဇာတ်က ပေါ့သွားမှာစိုးတဲ့အတွက် ဒီလောက်ပဲ ပြောပြပါရစေ။ကြည့်မိလို့ နောင်တမရစေရပါဘူး။သတိပေးချင်တာလေးတွေကတော့…..သွေးထွက်သံယို အခန်းတွေ ပါပါတယ်။
ကလေးတွေ မကြည့်သင့်တဲ့အခန်းတွေ ပါပါတယ်။
နည်းနည်းလေးတော့ လန့်စရာကောင်းပါတယ်။
သရဲကား၊ လူသတ်ကား မဟုတ်ပေမယ့်သည်းထိတ်ရင်ဖို ဇာတ်လမ်းအမျိုးအစားပါ။
IMDb Rating က 6.2 ပါ။
Rotten Tomatoes ကတော့ 85% ပေးထားပါတယ်။ဒီလောက်ဆိုရင်တော့ ဒီဇာတ်လမ်းအခြေအနေကို ခန့်မှန်းမိလောက်ပါပြီးဘာသာပြန်နဲ့ အညွှန်းကတော့ August ပါ