Download !

The Brothers Grimsby (2016)

0 views

၂၀၁၆ ထွက် စုံထောက် ဟာသကားကို တင်ပေးလိုက်ပါတယ်။ Imdb 6.6 နဲ့ပါ။

ဇာတ်လမ်းအကျဉ်းကတော့ ဂရင်းစ်ဘေးမြို့သား အရမ်းချစ်ကြတဲ့ ညီအစ်ကို ၂ ယောက်ဟာ

ငယ်စဉ်ကတည်းက ကွဲကွာသွားခဲ့ပါတယ်။

အစ်ကိုကြီးက အပေအတေ ဘောလုံးအားပေးသူ တစ်ယောက်ဖြစ်လာပြီး

ညီငယ်ကတော့ MI-6 ရဲ့ လျို့ဝှက်စုံထောက်တစ်ယောက်ဖြစ်လာပါတယ်။

နှစ်ပေါင်း ၃၀ ကြာတဲ့ထိ ညီငယ်ဖြစ်သူကို ရှာဖွေနေတဲ့ အစ်ကိုကြီးဟာ ပါတီပွဲတစ်ခုမှာ

စစ်ဆင်ရေးနဲ့ရောက်နေတဲ့ ညီငယ်ကိုပြန်ရှာတွေ့သွားလို့ ဝမ်းသာအားရ နှုတ်ဆက်မိချိန်မှာ…

အလွဲတွေ ဖြစ်ကုန်ပြီး လူသတ်သမားအစစ်လဲ လွတ်မြောက်သွားစေသလို

ဟယ်ရီပေါ်တာမင်းသားကို AIDS ကူးသွားစေတဲ့အပြင် WHO ဥက္ကဌပါ သေဆုံးသွားစေတဲ့အခါမှာတော့

ညီအစ်ကို ၂ ယောက် ကမ္ဘာပတ်ပြေးပြီး သူတို့ အရှုပ်ထုပ်တွေကို ပြန်ရှင်းရပါတော့တယ်။

ဇာတ်လမ်းဟာ လိင်အသားပေးဇာတ်ကားမဟုတ်ပေမဲ့ ညစ်ညမ်းတဲ့ အသုံးအနှုန်းအချို့နဲ့ ပြကွက်အချို့ ပါဝင်နေတာကြောင့်

မိသားစုလိုက်ကြည့်ဖို့နဲ့ ကလေးများကြည့်ဖို့ မသင့်တော်ကြောင်း သတိပေးပါတယ်။