Download !

Suck It Up (2017)

0 views

ကိုယ့်ဘဝရဲ့ အရေးပါတဲ့လူတစ်ယောက် ဆုံးပါးသွားတဲ့အခါ ကျွန်တော်တို့ ဘယ်လိုဖြေသိမ့်ကြပါသလဲ၊ အဲ့ဒီအခြေအနေကို ကျော်ဖြတ်နိုင်ဖို့ ဘယ်လိုကြိုးစားကြပါသလဲ။ဂါရက်ဆိုတဲ့ကောင်လေးဟာ ရော်နီရဲ့အစ်ကိုဖြစ်ပြီး ဖေးရဲ့ရည်းစားပါ။

တရက် ဂါရက် ကင်ဆာရောဂါနဲ့ဆုံးပါးသွားပြီးနောက် ရော်နီဟာ စိတ်အကြီးအကျယ်ထိခိုက်ပြီး အရက်သောက်လိုက် ဆေးရှုလိုက်နဲ့
ပေါ့ပျက်ပျက်နေနေပါတယ်။အဲ့ဒါကိုမကြည့်ရက်တဲ့ အမေဖြစ်သူက ဂါရက်ရဲ့ ရည်းစား ဖေးကိုအကူအညီလှမ်းတောင်းပါတယ်။ ရော်နီနဲ့ ဖေးကလဲ အရင်ကတည်းက အခင်ဆုံးသူငယ်ချင်းတွေဖြစ်တဲ့အတွက်ဖေးကလဲ ချက်ချင်းဆိုသလို ရောက်ချလာပြီး သူတို့စိတ်ပြေလက်ပျောက် အပန်းဖြေခရီးထွက်ကြဖို့ တိုင်ပင်ကြပါတော့တယ်။

အပန်းဖြေခရီးထွက်ကြတဲ့အခါ စည်းစနစ်ကျကျ နေတတ်တဲ့ ဖေး နဲ့ ပရမ်းပတာ ပေါ့ပျက်ပျက်နေတတ်တဲ့ ရော်နီတို့ အဆင်ပြေအောင်ဘယ်လိုနေကြမလဲ၊ သူတို့ဘဝထဲက ထွက်ခွာသွားတဲ့လူတစ်ယောက်ကိုဒီကောင်မလေးနှစ်ယောက် ဘယ်လိုမေ့ဖျောက်ကြမလဲ၊ ပြီးတော့ မိန်းကလေးလူငယ်သဘာ၀ သောက်စားပျော်ပါးတာတွေ လိင်ကိစ္စတွေကိုပါ ရိုက်ထားတဲ့ကားတစ်ကားဖြစ်တဲ့အတွက် အတော်လေးကြည့်ကောင်းပြီးတွေးစရာလေးတွေလဲ ပါပါတယ်။

လူတစ်ယောက်ကို မေ့ပျောက်ဖို့ကြိုးစားရတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် မေ့ဖျောက်ပုံချင်းမတူတာတွေ၊ လူတစ်ယောက် ဆုံးပါးသွားတဲ့အပေါ် မတူညီတဲ့ခံယူချက်တွေ ရှိကြပါတယ်။ဒါပေမယ့် သူတို့အားလုံးမှာ တူညီတဲ့ပန်းတိုင်တစ်ခုရှိပြီးသားပါ။အဲ့ဒါကတော့ မရှိတော့တဲ့သူတစ်ယောက်ကို မေ့ဖျောက်လိုက်ဖို့ပါပဲ။

ရော်နီနဲ့ ဖေးတို့ ဂါရက်ကို သူတို့ဘဝထဲကနေ ဘယ်လိုမေ့ဖျောက်ကြမလဲ။အမှတ်တရတွေကို ဘယ်လိုနည်းနဲ့မှတ်ထားကြမလဲ ဆိုတာတော့ ရုပ်ရှင်ထဲမှာ ဆက်လက်ခံစားကြည့်ကြရအောင်ပါ။လူငယ်မိန်းကလေးနှစ်ယောက်အကြောင်း ရိုက်ထားတာဖြစ်တဲ့အတွက် ရိုင်းစိုင်းတဲ့စကားလုံးအသုံးအနှုန်းတွေပါပြီး မိသားစုနဲ့ကြည့်ဖို့မသင့်လျော်တဲ့ ဟိုဒင်းအခန်းတစ်ချို့လဲပါပါတယ်။