Download !

Sin City: A Dame to Kill For (2014)

0 views

ပထမကားရဲ့ အရသာကို ပြန်မီအောင်တော့လုပ်ထားတယ်။ ဒါပေမဲ့ ပထမကားလောက် လူမဆန်ခြင်းမျိုးတွေတော့ တွေ့ရမှာမဟုတ်ဘူး။ ဒါပေမဲ့လည်း သူ့နည်းသူ့ဟန်နဲ့ အီဗာဂရင်းနဲ့ ဂျက်စီကာအယ်ဘာရဲ့ အလှတွေနဲ့ သွေးသံရဲရဲတွေကို ပေါင်းစပ်ထားတဲ့ ခပ်ကြမ်းကြမ်းကားတော့ ဖြစ်နေတုန်းပဲ။ ပထမကားမှာတုန်းက တစ်ခန်းတစ်ခန်းချင်းစီကို သူ့အခန်းနာမည်နဲ့ စာတန်းထိုးပေးထားလို့ တစ်ဆက်တည်းမဟုတ်မှန်းသိသာခဲ့ပေမဲ့ ဒီကားကတော့ တစ်ဆက်တည်းလိုလိုတော့ လုပ်ထားတယ်။ ဒီကားက အဖြစ်တွေမှန်သမျှ တစ်ဆက်တည်းလို့ ပြချင်တာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒီတော့ သူ့ Timeline ကို ပြန်စီချင်ရင် ဒီကားရဲ့အစဉ်ကို ဗဟိုထားပြီး ပထမကားက အပိုင်းတွေကို ဖြည့်လိုက်မှရမယ်။ Clive Owenကလွဲ ကျန်တဲ့ဇာတ်ကောင်တွေမှာ အရင်သရုပ်ဆောင်တွေပဲ သရုပ်ဆောင်ထားတယ်။ အသစ်တွေလည်းပါတယ်။

ဒီကားရဲ့ ဒါရိုက်တာနှစ်ယောက်က ခေတော့မခေဘူး။ တစ်ယောက်က မူရင်း ဂရပ်ဖစ်နိုဗယ်ရဲ့ စာရေးဆရာ ။ နောက်တစ်ယောက်က တာရန်တီနိုနဲ့ တစ်ယောက်တစ်ခြမ်းရိုက်ဖူးသလို သူ့ကားမှာလည်း တာရန်တီနိုကိုထည့်သုံးဖူးတဲ့ဘဲ။ ပထမကားရိုက်တာမှာလည်း တာရန်တီနို အကြံယူလိုက်တာလား။ ဝင်ရိုက်ပေးတာလားတော့မသိ ရှိတော့ရှိခဲ့တယ်။ သူကိုယ်တိုင်လည်း Mexico Trilogyလို့ခေါ်တဲ့ နာမည်ကြီး Trilogy ကို ရိုက်ထားဖူးတယ်။ သူရိုက်ခဲ့တဲ့ထဲ Alita: Battle Angelတို့ Once Upon a Time in Mexicoတို့ From Dusk Till Dawnတို့တော့ လူတော်တော်သိလောက်မယ်။ Spy Kidsထွက်သမျှကားတွေအကုန်လည်း သူပဲရိုက်ထားတာ။

ဒီကားကပထမကားထက် နည်းနည်းတော့ လျော့သွားပေမဲ့ တော်တော်ကြည့်ကောင်းတဲ့ ကားဖြစ်နေတုန်းအပြင်ကို ထူးခြားချက်က ဒီကားထဲက အီဗာဂရင်းရဲ့ဇာတ်ကောင်က ရုပ်ရှင်သမိုင်းတစ်လျှောက်က noir ရုပ်ရှင်တွေထဲက နာမည်ကြီး black widowကာရိုက်တာတွေကို Homage ပေးထားတယ်လို့ ပြောကြတယ်။black widowဆိုတာက ကိုယ့်လင် ကိုယ့်ရည်းစားကို သတ်တဲ့ မိန်းမကိုခေါ်တာ။ Double Indemnityတို့ The Postman Always Rings Twice တို့ထဲက ကာရိုက်တာတွေကိုပေါ့။ Sin City: A Dame to Kill Forဟာ ပထမကားထက် ကြမ်းကြုတ်ရက်စက်တာတွေလျော့သွားပေမဲ့ ပထမကားထက်တော့ ပိုဆွဲဆောင်မှုရှိတဲ့ကားဆိုတာတော့ အီဗာဂရင်းနဲ့တင် အာမခံလို့ရပါတယ်။ ပထမကားလိုပဲ ရုပ်ရှင်ကြည့်ရတာနဲ့မတူဘဲ neo-noir comicsစာအုပ်တစ်အုပ်ဖတ်ရသလို အရသာမျိုးရစေမယ့်ကားပါပဲ။

(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်တင်ဆက်ထားသူကတော့ WiRa Aung ဖြစ်ပါတယ်။)