Download !

Quills (2000)

0 views

မင်းသမီး Kate Winslet , Amelia Warner တို့နဲ့ မင်းသားကြီး Geoffrey Rush , Joaquin Phoenix , Michael Caine တို့ပါဝင်ထားတဲ့ ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

Quills ( က​လောင်​တံများ)

IMDB – 7.3
ခရမ်​းချဉ်​သီး – ၇၅ လုံး

ဒီပုံပြင်​မှာ ဘယ်​သူက မတရားတာလဲ။

* တစ်​စက်​မှ အဓိပ္ပါယ်​မရှိတဲ့ ဘဝကြီးမှာ
သူခံစားရသလို ​ရေးချပြီး သူ​သေပြီးတဲ့​နောက်​
တစ်​စုံတစ်​ရာ ချန်​ခဲ့ချင်​တဲ့ စာ​ရေးဆရာ
အရူးတစ်​​ယောက်​….။

* ​မေတ္တာတရား ခွင်​့လွှတ်​ခြင်​းကို အ​လေးထားတဲ့
ခရစ်​ယာန်​ ဘုန်​း​တော်​ကြီး တစ်​​ယောက်​….။

* အရူး​တွေကို သူ့နည်​းသူ့ဟန်​နဲ့ နှိပ်​စက်​ပြီး
ကုသတတ်​တဲ့ ​ဒေါက်​တာ တစ်​​ယောက်​..။

ကျွန်​​တော်တို​့ ကြားဖူးတဲ့ စကားလိုပါပဲ
လှံသွား ဓားသွား မြှားသွားထက်​
က​လောင်​သွားထက်​တယ်​တဲ့..။
လိင်​မှု ကိစ္စ​တွေကို အပွင့်​လင်​းဆုံး ​ရေးထားပြီး
ဂုဏ်​သိက္ခာ​တွေ စည်​း​တွေ မပါပဲ
လူ့​လောကကြီးကို အရိုးသားဆုံး အမြင်​နဲ့
​ရေးသားခဲ့တဲ့ စာ​ရေးဆရာတစ်​​ယောက်​ရဲ့
​ရေးသားမှု​တွေဟာ တစ်​ချို့လူ​တွေရဲ့
ဆုံးဖြတ်​ချက်​​တွေကို သက်​​ရောက်​​စေခဲ့ပါတယ်​။

ဒါ့အပြင်​ အဲ့​ခေတ်​အဲ့ဒီအခါအ​နေနဲ့
ညစ်​ညမ်​းလွန်​း​နေပြန်​ပါတယ်​။
ဒီ​တော့ သူ့ကို နည်​းမျိူးစုံနဲ့ စာမ​ရေး​အောင်​
ထိန်​းသိမ်​းရပါတယ်​။

စာ​ရေးဆရာတစ်​​ယောက်​ရဲ့ စာ​ရေးချင်​စိတ်​
ပန်​းချီဆရာတစ်​​ယောက်​ရဲ့ ပန်​းချီဆွဲချင်​စိတ်​
ဒါ​တွေကို ဘယ်​တံတိုင်​း​တွေကမှ တားဆီးမရပါဘူး။

ဒီ​တော့ သူ ရ​အောင်​ ​ရေးပြီး
နည်​းမျိုးစုံနဲ့ အပြင်​ထုတ်​ခဲ့ပါတယ်​။
သူဟာ လူ​ကောင်​းတစ်​​ယောက်​ မဟုတ်​ခဲ့ပါဘူး
ကိုယ်​့ကိုယ်​ထဲက ​သွေးနဲ့ပါ​ရေးခဲ့တဲ့သူ့အနုပညာ

ဘဝကိုဒီမှော်ရုံတောထဲ နှစ်မြှပ်ထားတဲ့ အနုပညာသမားစစ်​စစ်​ဆိုတာ က​တော့မမှားပါဘူး။

ဒီဇာတ်​လမ်​းမှာ သူဟာ စိတ်​ကျန်​းမာ​ရေး ​ဆေးရုံက
အရူးပါ။ ကျွန်​​တော်​့အမြင်​မှာ​တော့ သူ မရူးခဲ့ပါဘူး။

​လောကကြီးမှာ အ​ကောင်​း​ရော အဆိုး​ရော ရှိပါတယ်​။
အ​ကောင်​းမြင်​တက်​တဲ့လူက
​ကောင်​းတယ်​ ထင်​ပြီး
အဆိုးမြင်​တက်​တဲ့ လူက ဆိုးရွားတယ်​ ထင်​ပါမယ်​။

ဒီပုံပြင်​မှာ​ရော
ခင်​ဗျားတို့က ဘယ်​သူ့ကို ဆိုးတယ်​ထင်​ပြီး
ဘယ်​သူ့ကို ​ကောင်​းတယ်​ ထင်​ကြမှာပါလဲ…။

ဒီပုံပြင်​ဟာ
က​လောင်​တံကို မှင်​အိုးထဲ အဆုံးထိနှစ်​ပြီး
မသာယာတဲ့ ​လောကကြီးမှာ
လွတ်​လပ်​မှုကို ရှာ​ဖွေခဲ့တဲ့ လူတစ်​​ယောက်​အ​ကြောင်​းပါ။

သရုပ်​​ဆောင်​​တွေ…ဇာတ်​အိိမ်​​တွေ..
စကားလုံး​တွေ….အကုန်​လှပတဲ့ ဇာတ်​လမ်​းတစ်​ပုဒ်​ပါ။
ဒီ​တော့ စာမျက်​နှာ​လေးကို စလှန်​ကြည်​့လိုက်​ကြပါ။

R-Rated ဖြစ်လို့ တချို့အခန်းတွေကတော့ မိသားစုနဲ့မကြည့်သင့်ပါ။

(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်တင်ဆက်ထားသူကတော့ WiRa Aung ပါ။)