Download !

Fan Girl (2020)

0 views

ဆယ်ကျော်သက်အရွယ် ကျောင်းသူကောင်မလေးတစ်ယောက်ဘဝမှာ

ငယ်ငယ်လေးကတည်းကကြိုက်ခဲ့ရတဲ့ Idol တစ်ယောက်ရှိတယ်

ခင်ဗျားတို့ကျွန်တော်တို့လိုပဲ ကျောင်းချိန်လစ်ပြီး

Idol ရဲ့ ပွဲကို လိုက်ကြည့်ဖူးတယ်

အချစ်ကို ခံစားကြည့်ချင်တယ်

မလုပ်ဖူးတာတွေကို စူးစမ်းကြည့်ချင်တယ်

ဆယ်ကျော်သက်အရွယ် ကောင်မလေးလေ

သူသိထားတဲ့ လောကကြီးကရိုးရှင်းတယ်

ညီမျှခြင်းလက္ခဏာတွေ့ရင် အားလုံးက

တန်ဖိုးညီတယ်လို့ပဲ သဘောပေါက်ထားတယ်

အဲ့ဒီနောက်ကွယ်က ညီမျှခြင်း မဖြစ်ဖြစ်အောင်လုပ်ထားတဲ့ အကြောင်းအရာတွေကို သူမသိဘူး

လေ့လာရကောင်းမှန်းမသိတာလည်း ဖြစ်နိုင်သလို

လေ့လာဖို့အကြောင်းတရား မဖန်သေးတာလည်းဖြစ်နိုင်တယ်

ဒါမှမဟုတ် လေ့လာဖို့မကြိုးစားတာလည်း ဖြစ်နိုင်တာပဲ

ခင်ဗျားတို့ကို နာမည်လေးတောင်ပေးမသိဘဲ

ဇာတ်လမ်းအဆုံးထိ ဆွဲခေါ်သွားမယ့်ကောင်မလေးက သူမသိခဲ့တဲ့ သိဖို့မကြိုးစားခဲ့တဲ့

အကြောင်းအရာတွေကို တစ်ရက်လေးထဲမှာ တစ်ညလေးထဲမှာပဲ

ရုတ်တရက်ကြီး အားလုံးကိုသိလိုက်ရတယ်

သစ်လွင်ရိုးသားတဲ့ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်အတွက် ရှော့ခ်ဖြစ်စေနိုင်တဲ့

လောကကြီးရဲ့ အရှိတရား အဖြစ်အပျက် အကြောင်းအရာတွေ…..

ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်အကြောင်းကို ရိုးရိုးရှင်းရှင်းရိုက်ထားတဲ့ ဒီရုပ်ရှင်က

ဖိလစ်ပိုင်နိုင်ငံတွင်းက ရုပ်ရှင်ဆုပေးပွဲတွေမှာ Best Actress,Best Actor,Best Director,Best Picture စသည်ဖြင့်

ဆုပေါင်း (၁၆) ဆု ရရှိထားတာပါ။

ကျွန်တော့်အနေနဲ့တော့ ကြုံတောင့်ကြုံခဲ

ဖိလစ်ပိုင်ဇာတ်ကားကောင်းတစ်ကားမို့ လက်မလွှတ်တမ်းကြည့်စေချင်ပါတယ်။