Download !

Devadasi (2020)

0 views

အယုံလွယ် လူပုံအလယ်မှာအသက်ဆုံးရှုံးရတယ်ဆိုတာ တယ်မှန်သကိုး။

စိတ်အလိုကိုလိုက် ရမ္မက်နောက်ကိုလိုက်ရင်း အမှန်ကိုသိမြင်ခြင်းမရှိလာတော့ တဏှာစိတ်ကလူကိုသတ်စေတယ်။ ခြေနှစ်ချောင်းမကယ်ကောင်း ဆိုထားဘိပါနဲ့ အိမ်ပေါ်ခေါ်တင်ကျွေးမွေးလေတော့ အသက်ဆုံးရှုံးရပြန်တယ်။

လောကမှာငွေက ဒုတိယဘုရားသခင်လို့ဆိုထားပေမယ့် ဒီဘုရားသခင်ကလူ့အသက်ကိုနှုတ်စေတာ ယုံကြပါသလား။

ဟုတ်ပါတယ်။ ဘယ်လိုရည်ရွယ်ချက်မျိုးကြောင့်ပင်ဖြစ်လင့်ကစား ကိုယ်ကယ်တင်လိုက်တဲ့ခြေနှစ်ချောင်းဟာ ဘယ်လိုလူစားမျိုးလဲဆိုတာကို အမြဲစောင့်ကြည့်သတိထားရပါမယ်။

ဒီဇာတ်ကားလေးမှာတော့ ကိုယ်ကယ်တင်မိတဲ့ ခြေနှစ်ချောင်းကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ ဘဝအကြောင်းတွေကိုရိုက်ပြထားပြီးငွေနောက်လိုက်ရင်း ကိုယ့်သွေးသားတွေကိုအမဲဖြတ်ကြတဲ့ လူတစ်စုအကြောင်းကိုလည်း ရိုက်ပြထားပါတယ်။

ဆိုတော့ ၁၈အပေါင်းအခန်းတွေတပြုံကြီးနဲ့ ခံစားကြည့်ရှုအားပေးကြပေတော့နော်….။

(Dark Side Production မှ တင်ဆက်သည်။)