Download !

A Special Lady (2017)

0 views

ကိုရီးယားအက်ရှင်ဒရာမာကားလေးတစ်ကားပါ။

ကိုရီးယား Gang တစ်ခုအပေါ်အမှီပြုပြီးဇာတ်အိမ်ဖွဲ့ထားတာဖြစ်ပါတယ်။

 

အခက်အခဲတွေအများကြီးကြားထဲကနေ နောက်ဆုံးလူမိုက်ဂိုဏ်းတွေရဲ့ထုံးစံအတိုင်း ဂိုဏ်းကြီးမားတာနဲ့အမျှ တရားဝင်စီးပွားရေးလုပ်ငန်းလုပ်ဖို့ တာဆူလာကြတာပါပဲ။

ဒီလိုနဲ့စီမံကိန်းအကောင်အထည်ဖော်ဖို့ရန်အတွက် သေချာစီစဉ်အကွက်ချလုပ်ခဲ့ကြပေမယ့် ကံတရားကတော့မျက်နှာသာမပေးဘဲ လွဲချော်မှုတစ်ခုဖြစ်သွားခဲ့ပါတယ်။

ကိုယ်မွေးတဲ့မျောက်ကကိုယ့်ပြန်ခြောက်တဲ့အခါမှာတော့ အားလုံးခဲလေသမျှသဲရေကျဖြစ်သွားရတော့တာပါပဲ။

ဒီလိုနဲ့ ဒုစရိုက်ဂိုဏ်းနဲ့ပတ်သက်ဆက်စပ်မိပြီးနောက် ပြန်လည်ရုန်းထွက်နိုင်ပါ့မလား။

ဘယ်လိုကြောင့်ဒီလိုဖြစ်သွားရတာလဲ။

ကိုယ်ချစ်တဲ့တဲသူနဲ့အတူနေနိုင်ဖို့လူတိုင်းကြိုးစားကြပေမယ့် နှစ်ဖက်ပြိုင်ဆွဲကြတဲ့အခါ ဘယ်လိုဖြစ်ကုန်ကြမလဲ ဆိုတာတော့ ကိုရီးယားလူမိုက်ဂိုဏ်းအချင်းချင်းကြားကပက်ပက်စက်စက် တိုက်ခိုက်မှုအလန်းစားတွေနဲ့အတူ ကြည့်လိုက်ကြပါဦးဗျာ။

 

 

၁၈+ အခန်းတွေဖောဖောသီသီ ပါဝင်တဲ့အတွက်

မိသားစုနဲ့တော့မကြည့်သင့်ပါဘူးလို့..