Download !

(18+) Mercuriales (2014)

0 views

ဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့
သက်ငြိမ် အင်ပရက်ရှင်နစ်ပန်းချီကားတစ်ချပ်ကို
ကြည့်နေရသလိုပဲလို့ တင်စားပြောရမလားတော့မသိပါဘူး

ရိုက်ကူးတင်ဆက်ထားတဲ့ နိုင်ငံကလည်း ပြင်သစ်ဖြစ်နေတော့
ပြောရရင် သိပ်ညွှန်းစရာမလိုဘူးပေါ့
အနုပညာကို အပြည့်အဝနဲ့အတွင်းကျကျခံစားတတ်တဲ့သူတွေရဲ့
လက်ရာဆိုတော့ ဒီလောက်တော့ရှိမှာပါပဲလေ
ဇာတ်လမ်းကထွေထွေထူးထူးတော့ မဟုတ်ပါဘူး
ကောင်မလေးနှစ်ယောက် နေရာသစ်မှာ
အလုပ်သစ်ရှာတဲ့အကြောင်းလေးပါပဲ

ဒါပေမဲ့ ဒဿနတွေက ကျွတ်လွန်းလို့ ဘာမှန်းတောင်သိပ်နားမလည်ပါဘူး
၁၈ အပေါင်း အခန်းဆိုတာကလည်း ဒါရိုက်တာက ရိုက်ကွင်းကို
ပန်းချီဆွဲသလို ဒဲ့ကြီးတွေချွတ်ပြနေလို့ အဲ့လို rating ဖြစ်သွားတာပဲပြောရပါမယ်

နောက်ဆုံးပြောချင်တာကတော့ အနုပညာလက်ရာတစ်ခုကို
သက်ငြိမ်ပန်းချီတစ်ခုကို ပိတ်ကားပြင်ပေါ်ခံစားချင်တဲ့ညိုကီတွေအတွက်
မြည်းစမ်းသင့်တဲ့ ဇာတ်ကားတစ်ကားလို့ပဲ ညွှန်းဆိုပေးလိုက်ပါရစေ