Download !

Real (2017)

0 views

IMDb Rating 4.8 ရထားတဲ့ ကိုးရီးယားရဲ့ နာမည်ကျော် ထိပ်တန်းမင်းသား Kim Soo Hyun အဓိကပါဝင်သရုပ်ဆောင်ထားပြီး သူရဲ့ သရုပ်ဆောင်နိုင်စွမ်းကို ပြသထားတဲ့ Action ဇာတ်ကားပါ။

ထုတ်လုပ်ရေးဖက်မှာလည်း သူကိုယ်တိုင် ငွေကြေးအင်အားစိုက်ထုတ်ပြီး ရိုက်ကူးခဲ့တဲ့ဇာတ်ကားပါ။

မင်းသမီးကလည်း Sulli ဖြစ်ပြီး ၁၈ + Rated ဇာတ်ဝင်ခန်းအချို့ပါဝင်တာကြောင့် မထွက်ခင်ကကို စိတ်ဝင်တစား စောင့်နေကြသူအများအပြားရှိခဲ့ပါတယ်။

စတင်ထွက်ရှိလာချိန်မှာတော့ ၁၈+ ဇာတ်ဝင်ခန်းနဲ့ ဇာတ်ကားအချိတ်အဆက် လိုအပ်ချက်ကြောင့် ဇာတ်လမ်းက နားလည်ရခက်တာကြောင့် ဝေဖန်သူအမြောက်အမြားနဲ့ Negative feedback တွေရှိခဲ့ပါတယ်။

ဒါပေမယ့်လည်း မင်းသားရဲ့ Fanတွေနဲ့ သူရဲ့ သရုပ်ဆောင်နိုင်စွမ်းတွေကြောင့် ဝေဖန်မှုတွေကြားကကို ထိုက်သင့်သလိုက် အောင်မြင်မှုရရှိခဲ့ပါတယ်။

US$ 7 သိန်း အကုန်အကျခံရိုက်ကူးခဲ့ပြီး Box office မှာ US$ 3 သိန်းပဲ ပြန်ရခဲ့ပေမယ့် ထိုင်ဝမ်မှာတော့ မင်းသားရဲ့ Fan တွေ အားတက်သရော အားပေးမှုကြောင့် ထိုင်ဝမ်မှာ ရုံတင်တဲ့ ပထမအပါတ်တင် အသားတင်အမြတ်ငွေ ထိုင်ဝမ်ဒေါ်လာ ၁ သိန်းနဲ့ စုစုပေါင်း ထိုင်ဝမ်ဒေါ်လာ ၄.၇ သိန်းအမြတ်ရခဲ့ပြီး ထိုင်ဝမ်တွင် အအောင်မြင်ဆုံးကိုးရီးယားကားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

မင်းသားနဲ့ခင်မင်မှုကြောင့် ဒီဇာတ်ကားမှာ နာမည်ကျော်မင်းသမီးတွေဖြစ်တဲ့ Suzy, IU , Ahn Soo He နဲ့ မင်းသား Park Seo Joon တို့ Cameo အနေနဲ့ ပါဝင်ထားပေးပါတယ်။

Suzy ဆိုရင် ဆေးမှင်ကြောင်ထိုးပေးတဲ့အမျိုးသမီးအဖြစ် စက္ကန့်ပိုင်းလေး သရုပ်ဆောင်ဖို့ကို ၁၂နာရီလောက် အချိန်ကုန်ခံပြီး ယာယီတက်တူးတွေတစ်ကိုယ်လုံးမှာဆေးခြယ်ပြီးမှကို သရုပ်ဆောင်ပေးခဲ့တာပါ။

ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့……………….

ဂျန်ထယ်ယောင်ဆိုတဲ့ မှုခင်းသတင်းတွေလိုက်တဲ့ စာရေးဆရာတစ်ယောက် မူးဆစ်ဆေးစွဲနေပြီး ဝေဒနာခံစားနေရတဲ့ သူ့ရဲ့ချစ်သူကိုမကြည့်ရက်လို့ သတ်ပစ်မိသွားတယ်။

ဒီစိတ်ဒဏ်ရာတွေကြောင့် ဒါတွေကိုမေ့ပစ်ချင်တာကြောင့် သူ့ဆီမှာ နောက်ထပ် ကိုယ်ရည်ကိုယ်သွေးတစ်မျိုးနဲ့ ကြမ်းတမ်းခက်ထန်တဲ့ ဂျန်ထယ်ယောင်ဆိုတာ ပေါ်လာပါတယ်။

ဒီဝေဒနာတွေကို စိတ်ရောဂါဆရာဝန်နဲ့ ပြသနေရင်း တစ်လှည့်စီ နူးညံံ့တဲ့ ဂျန်ထယ်ယောင်ဖြစ်လိုက် ကြမ်းတမ်းခက်ထန်တဲ့ ဂျန်ထယ်ယောင်ဖြစ်လိုက်နဲ့ဖြစ်နေပါတယ်။

တစ်နေ့ နူးညံ့တဲ့ ဂျန်ထယ်ယောင် ဖြစ်နေတုန်း သူ့ကိုယ်သူအဆုံးစီရင်ဖို့ ကြံစည်တာကို ဆရာဝန်က တားနိုင်လောက်ပြီး ကုသနည်းတစ်မျိုးနဲ့ ကုသပေးခဲ့ပါတယ်။

ဒါကတော့ သေခါနီး မေ့မြောနေတဲ့လူနာတစ်ယောက်ကို စာရေးဆရာဂျန်ထယ်ယောင် အကြောင်းတွေပြောပြပြီး Brainwash လုပ်ပြီး သတ်ပစ်လိုက်ရင် သတ်သေချင်နေတဲ့ ဂျန်ထယ်ယောင်လည်း ပျောက်ကွယ်ပြီး ဆက်လက်ရှင်သန်ချင်နေတဲ့ ခက်ထန်ကြမ်းတမ်းတဲ့ ဂျန်ထယ်ယောင်သာ ကျန်ခဲ့မှာဖြစ်ပါတယ်။

ကံမကောင်းချင်တော့ မေ့မြောနေတဲ့လူနာက မသေဘဲ Brainwash အလုပ်ခံရသလိုဖြစ်တာကြောင့် သူ့ကိုယ်သူ ဂျန်ထယ်ယောင်လို ထင်နေပါတယ်။

ပိုက်ဆံချမ်းသာတဲ့လူတစ်ယောက်ဖြစ်တာကြောင့် မျက်နှာကအစ အတိအကျတူအောင် ခွဲစိတ်ပြုပြင်ပြီး ဂျန်ထယ်ယောင်အတိုင်း လိုက်အတုခိုးပြုလုပ်ပြီး သူ့နေရာကို ပြန်ရယူဖို့ကြိုးစားပါတော့တယ်။

သူ့က ဂျန်ထယ်ဟိုနဲ့ ပတ်သတ်သမျှ သတင်းအားလုံးအပြင် မှတ်တမ်းထင်ထားဘူးတဲ့ဗီဒီယိုတွေ ဆေးကုသမှုမှတ်တမ်းတွေ အားလုံးကိုရှာဖွေနိုင်ပြီး သေချာအတုခိုးလိုက်လုပ်ခဲ့တယ်

ဒါကြောင့် ဘယ်သူက တကယ့်အစစ်အမှန် ဂျန်ထယ်ယောင်ဖြစ်လာနိုင်မလဲ စောင့်စားကြည့်ရှုလိုက်ပါ။