Download !

Look Away (2017)

0 views

မာရီယာ လေးဟာ အသက်လဲ ၁၈ နှစ်ပြည့်ခဲ့ပါပြီ

ဒါပေမဲ့ သူ့မှာ ကျောင်းတက်ဖော် သူငယ်ချင်းဆိုလို့အကျင့်ခပ်ဆိုးဆိုး နဲ့ ကောင်မလေး တစ်ယောက်ပဲ ရှိတယ်အဲ့ဒီကောင်မလေးတောင် ငယ်ပေါင်းမို့လို့ သူ့အနား ကပ်နေတာ
မာရီယာ က လူတောမတိုးတက်ဘူး အပေါင်းအသင်းဝင်မဆန့်ဘူးသူမ ရဲ့ ရေခဲရိုက်ထားသလို မျက်နှာပေး နဲ့ အေးတိအေးစက်ကြောင့်နှာဘူးထ တဲ့ကောင်လေးတွေက အနိုင်ကျင့်ပြီး စတာကလွဲလို့ရင်ဖွင့်စရာအပေါင်းအသင်းတွေ မရှိခဲ့ဘူး…မာရီယာ မှာ အဖေ နဲ့ အမေ ရှိပေမဲ့ အဖေဖြစ်သူကိုအမေက ကြောက်ရပြီး မာရီယာ အပေါ်မှာလဲတစ်ချက်လွှတ် အမိန့်တွေ အမြဲထုတ်ပြီး အဲ့ဒီအတိုင်းလုပ်မှ သဘောကျတာပါ…ဘာ အခက်အခဲပဲ ရှိရှိ သူမ အဖေကတော့အချိန်ပေးပြီး နားထောင်လေ့ မရှိပါဘူးဒါကြောင့် ဖြစ်လာသမျှ ပြသနာ အားလုံးသူမ စိတ်ထဲမှာပဲ ထားခဲ့တာ ကြာပါပြီ….ဒီလိုနဲ့ နေလာရင်း တစ်ရက်မှာတော့မာရီယာ ဘယ်သွားသွား တစ်ခုခုကလိုက်စောင့်ကြည့်သလို ခံနေရပါတယ်ဘယ်သူလဲ ဘာအတွက်လဲ ဆိုတာတော့မသိပေမဲ့ ညဘက်တွေလဲ ကောင်းကောင်းအိပ်မပျော်ပါဘူး….

တစ်ရက်တော့ အဲ့ဒီအရာက သူမ ကိုတည့်တည့်ကြီး ဝင်တိုးခဲ့ပါတော့တယ်….ဒီရုပ်ရှင်ကားဟာ မိဘ နဲ့ သားသမီးကြားကအဟန့်အတားတွေကို မီးမောင်းထိုးပြထားသလိုသားသမီးတွေကို အမြဲလိုလို စောင့်ကြည့်လေ့လာသင့်ကြောင်းပြသထားပါတယ်….18+ အခန်း အနည်းငယ်ပါတာကြောင့် မိသားစု နဲ့တော့အတူကြည့်ရှုဖို့ မသင့်တော်ပါဘူးဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့Wai Zin ဖြစ်ပြီး Thit San Khant မှ တင်ဆက်ပေးထားပါယတ်