Download !

Alanis (2018)

0 views

(18+ အခန်း အနည်းငယ်ပါ၍ မိသားစုဖြင့် အတူမကြည့်သင့်ပါ)

 

လူတိုင်းလူတိုင်း ဘဝမှာကောင်းတာတွေပဲ
ဖြစ်ချင်ကြတာပါ ဒါပေမယ့် လောကဇာတ်ဆရာအလိုကျ မဖြစ်ချင်တဲ့ဘဝတွေမှာ
မလုပ်ချင်တဲ့နေရာ ဌာနတွေမှာသက်ဆိုင်ရာဇာတ်ရုတ်တွေ အတိုင်းကခုန်နေကြတယ်
တချို့ကျတော့လဲ အရုပ်ကြိုးပျက်ပြီး နစ်မွန်း
သွားကြတယ် တချို့ကြတော့လဲ မီးအလင်း
ရောင်စုံညီကွန့်မြူ းထားတဲ့စင်မြင့်ထက်မှာအငိုမျက်လုံးအပြုံးမျက်နှာဖြစ်ရတယ်
နစ်မွန်းစုတ်ပြတ်သတ်နေတဲ့ဘဝပိုင်ရှင်တွေကို ပျော်လွန်းလို့ဒီဘဝမှာနေနေကြတယ်
ထင်ပါသလား ဘယ်လို ခံယူချက်မျိုးနဲ့ ဒီဒဏ်တွေကိုကြံ့ကြံ့ခံတယ် တွေးမိဖူးလား
သူတို့မှာအားအကောင်းဆုံးလက်နက်လေးတစ်ခုရှိနေလို့ပါ အဲ့တာကအခြားတော့
မဟုတ်ဘူး သူ့နာမည်ကိုတော်တော်များများ
ကြားဖူးကြမှာပါ “မျှော်လင့်ချက်” တဲ့Alanis ဆိုတာ မော်ဒယ်တွေ အဖော်ချွတ်မ
လေးတွေ နာမည်မဟုတ်ပါဘူး အဆိုတော်မလေးတစ်ယောက်နာမည်ပါ ဒါပေမယ့် အဲ့
နာမည်ပိုင်ရှင်လေးမှာ အဆိုတော်ဖြစ်ဖို့အခွင့်မရခဲ့ရှာပါဘူး single mother အဖြစ်နဲ့
ကလေးတစ်ယောက် ရင်ဝယ်လွယ်ပြီးသူလုပ်တဲ့အလုပ်ကသိပ်မရင်းရပါဘူး ခန္ဓာပဲရင်း
ရတဲ့ ပြည့်တန်ဆာအလုပ် သူငယ်ချင်းဖြစ်သူဂျီဆဲလားနဲ့ တိုက်ခန်းတစ်ခုငှား ကြော်ညာ
စာတွေလိုက်ကပ် ဖောက်သည်တွေလက်ခံလုပ်နေတဲ့ညဉ့်ငှက်လေးတွေကို
အာဂျစ်တီးနားရဲ့ ပြည့်တန်ဆာလုပ်ငန်း
တားမြစ်ချက်ဥပဒေအရ အရေးယူဖို့
အကြောင်းဖန်လာပါတယ်

ဒီကားဟာရိုးရိုးလေး ဇာတ်လမ်းကိုပုံဖော်ထား
တာပါ ပြည့်တန်ဆာလုပ်ငန်းကိုတရားဝင်လုပ်ခွင့်မပေးတဲ့နိုင်ငံမှာ sex worker
ဖြစ်တဲ့ Alanis တစ်ယောက် ဘယ်လိုရုန်းကန်ရလဲ ပဲရိုက်ပြထားတာပါ စစချင်းအဖွင့်
မှာတင် ဝစ်လစ်စလစ် scene နဲ့စတာမို့မောင်နှမတွေ မိသားစုတွေနဲ့ကြည့်လို့မသင့်
လျော်ပါဘူး တကယ့် reality ကိုပဲချပြချင်တဲ့ကားမျိုးဖြစ်တဲ့ အတွက်အခြားကျန်တဲ့အပိုင်း
တွေမှာ သိပ်မျှော်လင့်စရာမရှိဘူး ညဉ့်ငှက်
တွေဘဝကို အမှန်တိုင်းအရိုးရှင်းဆုံးမြင်ရမယ်သူတို့ဘဝ သူတို့ဒုက္ခတွေ အာဂျစ်တီးနားက
လမ်းကြားတွေမှာ ဘယ်လိုကျင်လည်ရလဲ
ဆိုတာမြင်ရမယ်အထူးပြောချင်တာကတော့ မိခင်နဲ့ကလေး
ကြားက ဆက်သွယ်မှုအားကိုရိုးရိုးလေးနဲ့အထိမိဆုံးမြင်လိုက်ရတာပါပဲ ကျျွန်တော်
ပြည့်တန်ဆာဇာတ်ရုပ်တွေတော်တော်များများကြည့်ဖူးတယ် အကုန်လုံးက တခုခုကိုမြိုသိပ်
ထားသလိုကြောက်ရွံ့နေသလို မလုပ်ရဲမကိုင်ရဲမထိရဲသလိုနဲ့ လူတောတိုးဖို့တွန့်
ဆုတ်နေသလို အဲ့လိုမျိုးတွေပဲမြင်ရတာများတယ် ဒါပေမယ့် ဒီကားထဲက Alanis ဇာတ်
ရုပ်ပိုင်ရှင် Sofia Castiglione မှာတော့အဆိုပါမျက်နှာပေးမျိုးမရှိပါဘူး သူ့အတွက်
မျှော်လင့်ချက်ကသူ့သား သူ့သားလေးဒန်တီကိုဘယ်အရာကမှခွဲမသွားစေရဘူူး သူ့သား
ကိုပြည့်တန်ဆာလုပ်ပြီး ပျိုးထောင်မယ်

ငါစိတ်မညစ်ရဘူး ငါမငိုရဘူးဆိုပြီးအားတင်း
ထားတဲ့ပုံမျိုး သားရှေ့မှာဆိုအမြဲပြုံးပျော်နေတဲ့ အမေမျိုး တစ်ဖက်မှာလဲ သားကို
ပြည့်တန်ဆာမတစ်ယောက်သားအဖြစ်မကြီးပြင်းလာစေချင်ဘူး အဲ့လိုအားပြိုင်မှု
လေးတွေကို မျက်နှာတစ်ခုထဲမှာမြင်ရမှာပါဒီကားဟာ အတော်လေးကို လက်တွေ့ကျတဲ့
ကားတစ်ခုလိုပဲမြင်မိတယ်အဲ့လက်တွေ့တရားထဲကမှ အနုပညာကို
ချပြသွားတာ အမှောင်ထဲမှာမီးတောက်လေး
တခု ဖျက်ခနဲမြင်လိုက်ရသလိုပေါ့ ဖန်တီးမှုပိုင်းဆိုင်ရာအလှတရားကိုမှခံစားချင်သူတွေ
အတွက် ကြည့်ချင်လောက်မယ့်ကားမျိုး
ဟုတ်မယ် မထင်ပါဘူး ဒီရုပ်ရှင်ကားကို ဟိန်းသက်နိုင် ကဘာသာပြန်ပေးထားပြီးအညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်