Download !

[18+] From Straight A’s to XXX (2017)

0 views

ဒီဇာတ်လမ်းကို ဘာမှ မညွှန်းရသေးဘဲ ဇာတ်လမ်းနာမည် ကို ဖတ်မိရုံ နဲ့ ပုရိသ အချို့ကို ကောင်းကောင်း စွဲဆောင်နိုင်လိမ့်မယ်ထင်ပါတယ်။
ကျွန်တော်တို့ မြင်နေကျ မြင်ကွင်းတွေရဲ့ နောက်ကွယ်ကို ခေါ်ဆောင်သွားမှာမို့ လဲ အသစ်တချို့ကို ရမှာပါပညာပေးတဲ့ဘက်လည်း နည်းနည်းရောက်တယ် ပြီးတော့ အနည်းငယ် ညစ်ညမ်းတဲ့ ဇာတ်ကွက် တစ်ချို့ ပါဝင်ပေမယ့်လည်း ဇာတ်ကွက်လိုအပ်ချက်အရ ပြတာဖြစ်တဲ့ အတွက် မိသားစု နဲ့ကြည့်လို့လဲ အဆင်ပြေမှာပါ
ဇာတ်လမ်းအကျဉ်းကတော့
မီရီယမ် ဟာ စာသိပ်တော်တဲ့ ရှက်တတ်တဲ့ ဗိုင်းကောင်းကျောက်ဖိ မိန်းကလေးတစ်ယောက် ရှေ့နေ ဖြစ်ချင်တဲ့ သူ ဥပဒေ နဲ့ ပတ်သတ်ပြီး နာမည်ကျော် Duke တက္ကသိုလ်မှာ တက်ချင်တဲ့သူတစ်ယောက်တက္ကသိုလ်ဝင်တန်းအောင်တော့ နာမည်ကျော် Duke ဝင်ခွင့် ဖိတ်ခေါ်လွှာကိုရတယ်။ သိပ်ကို ကုန်ကျစရိတ်များကို ကျောင်း သူ့မှာ အခြားကျောင်းလျှောက် ခွင့်ရတာတောင် Duke မှ Duke ဖြစ်နေတော့မိဘတွေမှာက ငွေရေးကြေးရေး ကြပ်တည်းနေပေမယ့် စိတ်အားထက်သန်လွန်းတဲ့ သမီးကို မတာရက်ဘူးရအောင်ထားမယ်ဆိုပြီး ကတိတွေပေးတယ် ။ဒီလိုနဲ့ မီရီယမ် တစ်ယောက် Duke ကို ရောက်ခဲ့တယ်ဆိုပါတော့ ကျောင်း ပထမနှစ်ဝက်တောင်မကုန်ပါဘူး ငွေရေးကြေးရေး ခက်လာတယ် ။
သူ တက်ချင်တဲ့ ကျောင်းကို ဆက်တက်ဖို့ဘာလုပ်ရမလဲအပြင်းအထန် စဉ်းစားရင်း သူလိုသလောက် ငွေပမာဏကို အချိန်ပိုင်း လုပ်ရင်းရဖို့ လမ်းစတွေ့သွားတယ် ဆိုကြပါစို့ဒါ ဇာတ်လမ်း အကျဉ်းပါဘဲ စိတ်ဝင်စားစရာကောင်းတာက မီရီယမ်ကို ပုံဖော်ထားတာပါ
ရှေ့နေဖြစ်ချင်တဲ့သူ ထက်မြက်တယ် အရာရာမှာ ကျား မ တန်းတူ အခွင့်အရေးကို ယုံကြည်သူ Feminist စစ်စစ် တစ်ယောက် ငွေရေးကြေးရေး အခက်အခဲ
အတွက် သူ လုပ်တဲ့ အလုပ်အပေါ် လူတွေကို ဘယ်လိုချေပမလဲ သူ့အလုပ်ဟာ တကယ် ရော လူ့အသိုင်းအဝိုင်းမှာ လက်ခံရမှာလား
ငွေရမယ့် နည်းလမ်းတွေ ရှိခဲ့သည့်တိုင် အောင် ဒါကိုရွေးတဲ့ မီရီယမ်ဟာ ဘယ်လို မိန်းစားမျိုးလဲအဆုံးသတ် အနေနဲ့ ပြောရရင် ဒီဇာတ်လမ်း ဟာ ညစ်ညမ်းဇာတ်ကားတွေရဲ့ နောက်ကွယ်က အဖြစ်အပျက် အချို့ကို
ပါးပါး လေးပြထားပါတယ်စိတ်ဝင်စားစရာ ကောင်းတာက ညစ်ညမ်းကားတွေ တရားဝင် ရိုက်ခွင့် ရနေတဲ့ သူတို့လို နိုင်ငံတွေမှာတောင် ညစ်ညမ်းကားရိုက်တဲ့ မင်းသမီး တွေအပေါ်ထားတဲ့ သဘောထားတွေ ကိုပါ လေ့လာလို့ ရမှာပါ။ပညာပေးကားလေးလို့ ညွှန်းဆိုချင်ပါတယ်။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်တင်ဆက်ထားသူကတော့ DS Charm ဖြစ်ပါတယ်။)