Download !

Unfaithful (2002)

0 views

ကားနာမည်ဖတ်ရုံနဲ့တင် ဇတ်အိမ်ကိုအကဲခတ်လို့ရလောက်ပါပြီ

မိသားစုတစ်စု ယောက်ျားကအလုပ်များတဲ့လုပ်ငန်းရှင်တစ်ယောက်

မိန်းမက မလုပ်လည်းအိမ်မှာထိုင်နေလို့ရတဲ့အလုပ်တစ်ခုရှိတယ်

သားကကျောင်းနေအရွယ် မနက်မိုးလင်းရင်

အမျိုးသားနဲ့သားက အလုပ်နဲ့ကျောင်းကိုသွား

တစ်ရက်မမျှော်လင့်ပဲ အမျိုးသမီးက ပြစ်သစ်လူမျိုးခပ်ချောချောကောင်လေးနဲ့ဆုံခဲ့မိတယ်

ဒီကားအကြောင်းကို ဆက်မပြောခင် ကျနော်တို့ဘဝမှာ

အိမ်ထောင်ရေးဖောက်ပြန်တာတွေ မိန်းမ တိတ်တိတ်ပုန်းဖောက်ပြန်တာ

ယောင်္ကျားက ဖောက်ပြန်တာ တွေဒုနဲ့ဒေး ကြားနေရတယ်

ကလေးမျက်နှာကိုထောက်ထားပြီး အိမ်ထောင်ရေးမပြိုကွဲစေဖို့

ဟန်ချက်ညီအောင်ပြန်လည်ထိန်းသိမ်းကြတာမျိုးရှိသလို

စိတ်အလိုလိုက်ပြီး ဖောက်ပြန်တယ်သူတွေကို

အမှုတွေကျူးလွန်ခဲ့တာတွေလည်းရှိပါတယ်

 

ဒါတွေအားလုံးဟာ ugly truthဆိုတဲ့အကျဉ်းတန်အမှန်တရား ပါ

18+ဇတ်ဝင်ခန်းဆိုတာလည်း အိမ်ထောင်ရေးဇတ်ကားအနေနဲ့

အတော်များများပါပေမဲ့ ဇတ်အိမ်လည်းခိုင်

ပီပီပြင်ပြင်သရုပ်ဆောင်ချက်တွေကြောင့် Hollywood

မှာတန်းဝင်အိမ်ထောင်ရေးကားဖြစ်ပေမဲ့

တစ်ချို့သူတွေအတွက်တော့ အတော်လေးအောင့်သီးအောင့်သက်နိုင်မဲ့ကားတစ်ကားပါ

ဒါပေမဲ့ ugly truth ဆိုတဲ့အကျဉ်းတန်အမှန်တရားပါပဲ

ဆွဲဆောင်မှုအရှိဆုံးမင်းသားလို့သတ်မှတ်ခံရဖူးတဲ့ RICHAD GERE မင်းသမီး DIANE LANEတို့ပါဝင်

သရုပ်ဆောင်ထားပါတယ် သူမရဲ့သရုပ်ဆောင်ချက်တွေက

ချီးကျူးရမှာဖြစ်ပါတယ် ဆွဲဆောင်မှုရှိပြီး မှားနေမှန်းသိရက်နဲ့

ရှေ့ဆက်ဇွတ်တိုးပြီး ကိုယ့်ကိုယ် ကိုယ်ပြန်မုန်းမိနေတဲ့

အိမ်ထောင်သည်တစ်ယောက်ရဲ့ခံစားချက်တွေကပီပြင်လွန်းပါတယ်

ဗျာများနေတဲ့အိမ်ထောင်ရှင် RICHAD GEREရဲ့

သရုပ်ဆောင်ချက်တွေကိုလည်း

ပီပီပြင်ပြင်တွေ့ရမှာဖြစ်ပါတယ် ဒီလောက်ဆိုရင်လုံလောက်ပြီလို့

ထင်ပါတယ်အကျဉ်းတန် အမှန်တရားလေးကိုခံစားပေးကြပါဦးလို့

(ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်ကတော့ အမည်မဖော်လိုသူပဲ ဖြစ်ပါတယ်)

@joker