Download !

[18+] Road Trip (2000)

0 views

Euro Trip ကိုကြည့်ဖူးလို့ကြိုက်ရင် ဒါလေးလဲထပ်ကြည့်ဖို့တိုက်တွန်းပါတယ်..

ကျောင်းသားဘဝ လူငယ်ဘာဝ ရဲရင့်ရိုးသားတဲ့အလွဲတွေနဲ့ ခွီနေရမယ့်ဇာတ်ကားပါ။

ဇာတ်လမ်းကတော့…
ဂျော့ရှ် နဲ့ တစ်ဖနီ တို့ဟာ ငယ်ငယ် ကတည်းက
အတွဲညီလာခဲ့တဲ့ သူတွေပါ အသက်တွေ ကြီးလာတော့လည်း
ချစ်သူတွေဘဝကို ရောက်ခဲ့ပါတယ်။ ဒီလိုနဲ့ အထက်တန်း အောင်ပြီး
ကောလိပ်တက် ရတဲ့အခါ တနယ်စီဝေးကွာ ခဲ့ပါတယ်။ ဒါပေမဲ့
သူတို့ အချင်းချင်းနေ့စဉ်ကြုံရသမျှတွေကို အချင်းချင်း ဖုန်းနဲ့
ပြန်ပြောဖို့ ကတိထားခဲ့ပါတယ်။ဂျော့ရှ်ကလဲ တစ်ဖနီရဲ့ အပေါ်သစ္စာစောင့်သိခဲ့ပါတယ်
ဒီလိုနဲ့ တစ်နေ့မှာ သူက တစ်ဖနီကို သူရဲ့ ချစ်စကားတွေ ပြောပြထားတဲ့
ဗီဒီယိုခွေလေးကို ပို့ပေးဖို့လုပ်ပါတော့တယ်။ဒါပေမဲ့ အဲ့ညမှာပဲ ဂျော့ရှ်က
ကောင်မလေးတစ်ယောက်နဲ့ ပျော်ပါးမိပါတယ်။ အဲ့လို ပျော်ပါးတာကိုလည်း
ဗီဒီယို ရီကော့ဒ်လုပ်ထားပါတယ်။တကယ်တမ်း တစ်ဖနီ့ဆီကို ဗီဒီယို ပို့တဲ့အခါမှာ
အခွေချင်းမှားပို့မိပါတော့တယ်။ဒါပေမဲ့ သူကံကောင်းတာက တစ်ဖနီက ကျောင်းကို
နောက်သုံးရက်နေမှ ပြန်ရောက်မှာဖြစ်တဲ့အတွက် တိပ်ခွေက ကျောင်းသားရေးရာ
ဋ္ဌာနမှာပဲရှိပါသေးတယ်။ဒီလိုနဲ့ ဂျော့ရှ်ဟာ တစ်ဖနီ ပြန်မရောက်ခင် တိပ်ခွေ ပြန်ရဖို့
မိုင်ပေါင်းထောင်ချီတဲ့ ခရီးကို သူငယ်ချင်းတွေနဲ့ ထွက်ခဲ့ပါတော့တယ်။ လမ်းခရီးမှာ
ရယ်စရာအလွဲတွေ အသက်ဘေးအန္တရာယ်တွေ နဲ့ ဂျော့ရှ်တစ်ယောက် တစ်ဖနီ
ပြန်မရောက်ခင် တိပ်ခွေကို ပြန်ယူနိုင်မလားဆိုတာ….။

(Unrated Version မို့ အဖော်အချွတ်နဲ့အပြောအဆိုတချို့က မိသားစုနဲ့ကြည့်ဖို့တော့ အဆင်မပြေပါဘူး။)