Download !

Very Good Girls (2013)

0 views

မင်းသမီးချောတွေဖြစ်တဲ့ Dakota Fanning နဲ့ Elizabet Olsen တို့ပါဝင်တဲ့ Very Good Girls ဟာ ဆယ်ကျော်သက် မိန်းကလေးတွေရဲ့ အကြောင်းကို ဇာတ်အိမ်ဖွဲ့ထားပါတယ်။

သူငယ်ချင်း ၂ ယောက်ဟာ ဆိုးတိုင်ပင် ကောင်းတိုင်ပင်နဲ့ နေလာရာက ကောလိပ်တက်ဖို့ ဖြစ်လာခဲ့တယ်။ အဲဒီမှာ အ​မေရိကန်လူငယ်တို့ရဲ့ထုံးစံအတိုင်း ​ကောလိပ်မတက်ခင် အပျိုစင်ဘဝကို ဆုံးရှုံးချင်ကြပါတယ်
၂ ယောက်လုံးကလည်း ​ယောကျာ်း​လေးတစ်ယောက်တည်းကိုပဲ သွားချစ်မိကြတဲ့အခါ…

သူတို့ကြားထဲက အချစ်တွေ၊ ပေးဆပ်မှုတွေ၊ နားလည်မှုအလွဲတွေ၊ ပေါက်ကရလုပ်တာတွေကို ဒီကားထဲမှာ ပေါ့ပေ့ါပါးပါးကြည့်ရှုရပါမယ်။ မင်းသမီးချောလေးတွေကိုလည်းကြည့်ရင်း အချစ် ဒရာမာလည်းဖြစ်တော့ ငြိမ့်ငြိမ့်လေး ခံစားချင်သူတွေအတွက်တော့ အကိုက်ပါပဲ။

ကောင်မလေးသူငယ်ချင်းနှစ်ယောက်မှာ ဘယ်သူနဲ့ အဲဒီကောင်လေးနဲ့ ချစ်သူတွေဖြစ်ပြီး ဘာတွေဘယ်လိုဆက်ဖြစ်ကြမယ်ဆိုတော့ကိုတော့ ကြည့်ရှုရင်းနဲ့ပဲ ခံစားကြပါဦးလို့….။