ဒီကားက Music Romance ဖြစ်ပြီး ဆုတွေလည်းရထားပေမဲ့
စိတ်မကောင်းချင်စရာကောင်းတာက အထဲမှာပါတဲ့
အချစ်ကိုဖော်ပြတဲ့အခန်းအတော်များများဟာ 21+ အဆင့်ဖြစ်နေတာပါပဲ..
Music ,Romance ကြိုက်တဲ့
သူတွေအတွက်
စိတ်မကောင်းချင်းများစွာနဲ့ ဒီကားကိုဒေါင်းရမှာ ဖြစ်ပါတယ်…
ဘဝတစ်ကွေ့မှာ ဆုံတွေ့ခဲ့ပြီး၊ ကိုယ့်ရင်ခွင်ထဲ ခဏ၀င်နားကာ
ပြန်ထွက်ခွာသွားတဲ့သူမျိုးကတော့ လူတိုင်းဆီမှာရှိကျစမြဲပါပဲ။
လန်ဒန်မှာ အလုပ်လာလုပ်ပြီး သူ့ရင်ခွင်ထဲခိုလှုံကာ မွေးရပ်မြေကိုပြန်သွားတဲ့
အမေရိကန်သူလေး လီဆာကို အင်္ဂလန်သားလေး မတ်တစ်ယောက် သတိရနေပြီး
အတူရှိခဲ့စဉ်က နှစ်ယောက်သား ရဲ့ ချစ်ပုံရိပ်တွေကို
သီချင်းကိုးပုဒ်တို့ဖြင့် ခမ်းနားထည်ဝါစွာဖော်ပြထားပါတယ်..