ဇာတ်လမ်းလေးကတော့ ဖရန့်ခ်ဆိုတဲ့သူတစ်ယောက်ဟာ သူ့အနားက
ထွက်ခွာသွားတဲ့သူချစ်ရတဲ့မိန်းမကိုလိုက်ရှာနေတယ်၊ထွက်သွားတဲ့
အကြောင်းအရာကိုမသိ၊ ဘယ်နေရာကိုထွက်သွားမှန်းမသိ၊ဘယ်နေရာကို
လိုက်ရှာရမှန်းမသိဖြစ်နေတယ်၊ သူ့အတွက်မျှော်လင့်ချက်ဆိုလို့ bestseller
ဆုရထားတဲ့စာအုပ်တစ်အုပ်ပဲရှိတယ်၊ ဘာကြောင့်လဲဆိုတော့ စာအုပ်ထဲက
အကြောင်းအရာတွေဟာ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို
ရေးထားသလားလို့ထင်ရလောက်အောင်အရမ်းမှန်နေတယ်၊ ဒီတော့ ဒီစာအုပ်ဟာ
သူချစ်တဲ့မာရီကိုယ်တိုင်ရေးထားတယ်လို့သူက တစ်ထစ်ချကိုယုံကြည်နေတယ်၊
အဲ့ဒါကြောင့်ဖရန့်ခ်ဟာ စာအုပ်ထဲမှာပါတဲ့နေရာတွေကိုလိုက်ရှာရင်းနဲ့
တကယ်ပဲ မာရီကိုတွေ့သွားမလားဆိုတာ ကြည့်ရှုပေးပါဦး…
[+21] ခပ်ကြမ်းကြမ်းအခန်းတွေပါလို့ မိသားစုနဲ့အတူမကြည့်သင့်ပါဘူး