LGBT တွေအပေါ် နားလည်စာနာနိုင်စေမယ့်ဇာတ်ကားလေးတစ်ပုဒ်ဖြစ်ပါတယ်။
အယ်လီနာဝင်းတားစ် ဟာ ခရစ်ယာန်သင်းအုပ်ဆရာတစ်ယောက်ရဲ့ အမျိုးသမီးဖြစ်ပြီး
သားတစ်ယောက်လည်းရှိပါတယ်။ ခင်ပွန်းသည်နဲ့ အတူ ဘုရားကျောင်းအမြဲတက်ပေမယ့်
တချို့သောလှုပ်ရှားမှုများမှာ အင်တိုက်အားတိုက်မဆောင်ရွက်တဲ့အတွက် သူ့ပတ်ဝန်းကျင်မှ
ာ အထီးကျန်နေသူတစ်ယောက်ဖြစ်ပါတယ်။ စာရေးဆရာမလွန်းဘတ်ကတော့
ယောက်ျားလျာ တစ်ယောက်ဖြစ်ပြီး သူ့အမေကိုပြုစုရင်းနဲ့ တွဲနေတဲ့ကောင်မလေးက
ခြံခုန်သွားတာကြောင့် အသည်းကွဲနေသူ ဖြစ် ပါတယ်။ ယောက်ျားလျာတစ်ယောက်နဲ့ အသည်းကွဲနေတဲ့အိမ်ရှင်မဟာ
ကံကြမ္မာရဲ့စေစားမှုကြောင့် မမျှော်လင့်ဘဲ တွေ့ဆုံပါတော့တယ်။
တွေ့ဆုံပြီးနောက်မှာတော့ မထင်မှတ်ထားတဲ့အဖြစ်အပျက်များစွာ ကြုံတွေ့ရပါတော့တယ်။
LGBT တွေရဲ့ခံစားချက်တွေ၊ အခက်အခဲတွေ၊ ပတ်ဝန်းကျင်ရဲ့ မေးငေါ့မှုတွေကို ကြံကြံခံနိုင်ဖို့ရာ
သာမန်လူတွေ ထက်အဆများစွာခက်ခဲကြောင်း ရိုက်ပြထားတာပါ။ မိသားစုအတူကြည့်ဖို့ မသင့်တဲ့အခန်းများစွာပါဝင်ပါတယ်။