Download !

[18+] Nerisa (2021)

0 views

ဒီကားလေးကတော့ ဖိလစ်ပိုင်ကားလေးဆိုပေမဲ့
ဇာတ်အိမ်အတော်ကောင်းတဲ့ထဲပါပါတယ်

နယ်ရီဆာဆိုတဲ့ ကောင်မလေးတစ်ယောက် ကျွန်းတစ်ကျွန်းပေါ်ကို ရောက်လာပါတယ်
သူ့ကိုပင်လယ်အောက်ကြမ်းပြင်ကနေ အိုဘတ် ဆိုတဲ့ကောင်လေးက ရှာတွေ့ပြီးကယ်လာတာပါ
ဖြစ်ချင်တော့ ကောင်မလေးက ဘယ်ကလာတာလဲ နာမည်ဘာလဲဆိုတာတောင်
သူ့ကိုယ်သူမသိပါဘူး မေးလို့လည်းမရပါဘူး
နယ်ရီဆာဆိုတာတောင် ကျွန်းပေါ်ကလူတွေ နာမည်ပေးထားကြတာပါ
အဲတော့ ကျွန်းသေးသေးလေးထုံးစံအတိုင်း
ကောလာဟလပေါင်းစုံ ယူဆချက်ပေါင်းစုံထွက်ပြီး
ရေသူမလို့ပြောသူကပြော ကပ်ဆိုးကိုသယ်လာတာလို့ပြောသူကပြောပေါ့
သူတို့ပြောချင်စရာဖြစ်အောင် နယ်ရီဆာ ရောက်လာကတည်းက
ကျွန်းပေါ်ကလူတွေ ငါးဖမ်းမကောင်းတော့ပါဘူး

နောက်တော့ နယ်ရီဆာက အိုဘတ်ကို ကျေးဇူးရှင်ဆိုပြီး
အချစ်ပိုရာက လင်မယားတွေအဖြစ်နဲ့ ကျွန်းပေါ်မှာနေကြပါတယ်
နယ်ရီဆာက အရမ်းချောတော့ ကျွန်းပေါ်က ယောကျ်ားသားတွေက
အိုဘတ်ကို ဝိုင်းအားကျကြသလို အိုဘတ်ကလည်း ဆောင့်ကြွားကြွားနဲ့ပေါ့

တနေ့တော့ ငါးရှားလာတာနဲ့အမျှ ရေပိုင်နက်ကိုကျော်ပြီး ငါးဖမ်းထွက်ကြတဲ့
အိုဘတ်တို့အုပ်စုဟာ ကျွန်းပေါ်ကို ပြန်မလာကြတော့ပါဘူး
အိုဘတ်မသေသေးဘူးလို့ ယုံကြည်နေတဲ့ နယ်ရီဆာက အိုဘတ်ပြန်လာအောင်
ဘယ်လိုကြိုးစားမလဲ ဘယ်လိုစတေးမှုတွေနဲ့ ရှာဖွေမလဲဆိုတာကို
18+ အခန်းပေါင်းစုံနဲ့ ကြည့်ရှုရမှာပါ
ဒီအခန်းတော်တော်များများက Rape အခန်းတွေဖြစ်တာမလို့
အတုယူလွဲမှားနိုင်တဲ့သူတွေကတော့ မကြည့်သင့်ကြောင်းပါဗျ….