Download !

(18+) Virgin People (1984)

0 views

Virgin People ဆိုပေမယ့် အသိဉာဏ်နုနယ်လွန်းတဲ့လူသားတွေလို့ အဓိပ္ပါယ်ဖွင့်ချင်ပါတယ်ဗျ။
အသိဉာဏ်နုနယ်တဲ့အပြင် လောကကြီးအကြောင်း ဘာမှမသိသေးတဲ့အဖြူထည်လေးတွေအကြောင်းကို
ရင်နင့်စရာကောင်းအောင် ရိုက်ကူးထားတာမို့ စဉ်းစားစရာအတွေးတစ်ခုရသွားနိုင်မယ့်
ရုပ်ရှင်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

အခုပဲကော်ဖီတစ်ခွက်သွားဖျော်လိုက်ပါ။ ကိုယ်ခံစားလို့ကောင်းအောင် ဆေးလိပ်တိုပဲဖြစ်ဖြစ်၊
Vape ပဲဖြစ်ဖြစ် အရင်ဆုံးရှူပြီး မီးခိုးလေးတွေမှုတ်ထုတ်လိုက်ပါ… ဒါဆိုဇာတ်လမ်းစကြည့်လို့ရပါပြီ။

မြို့ပေါ်ကလူတွေက အရမ်းကိုမူယာမာယာများတတ်ပြီး ဖြူစင်တဲ့လူတွေကို နှိပ်စက်တတ်တာမို့
သမီးသုံးယောက်ရှိလာတဲ့အခါ မြို့ပြနဲ့ဝေးရာ တောင်ပေါ်မှာပဲနေထိုင်ခဲ့ကြပါတယ်။
အီခန်၊ တိုင်လာ၊ အာနင်တို့ ညီအစ်မသုံးယောက်က မွေးကတည်းက တောမှာပဲမို့လို့
လူတွေရဲ့အကျင့်စရိုက်ကို ကောင်းကောင်းနားမလည်ခဲ့ပါဘူး။
သူတို့ကို အဖော်ပြုပေးတာ ကျမ်းစာပဲရှိပါတယ်။ ပြီးတော့
သူ့အဖေဆီတစ်လတစ်ခါလာတတ်တဲ့ ချိုအင်ဂါလို့ခေါ်တဲ့
ဦးလေးကြီးတစ်ယောက်။ သူလာတိုင်း မြို့ပေါ်ကနေ
လက်ဆောင်ပစ္စည်းတွေ ယူလာတတ်တာမို့ မြင်းလှည်းအသံကြားတိုင်း စောင့်မျှော်ရတဲ့ဦးလေးကြီးပေါ့….

တစ်နေ့မှာ သူတို့ညီအစ်မသုံးယောက်ရဲ့အဖေ ရုတ်တရက်ဆုံးပါးသွားပြီးနောက်
ချိုအင်ဂါကလည်း လူကြီးမပီသပဲနဲ့ ဘယ်လိုမျိုးအနိုင်ကျင့်အကျင့်ပုတ်မလဲ
ပြီးတော့ ညီအစ်မသုံးယောက်ရဲ့ကံကြမ္မာကရော ဘယ်လိုပြောင်းလဲသွားမလဲဆိုတာကိုတော့
ဆက်လက်ကြည့်ရှူလိုက်ပါတော့ဗျာ …..