Download !

[18+] Big Tits Zombie (2010)

0 views

ဂင်ကိုနဲ့လီနာတို့က သိပ်မအောင်မြင်တဲ့ အဖော်အချွတ်ကလပ်တစ်ခုဖြစ်တဲ့ Paradise Ikagawa Theatre မှာ
တစ်ခြားကောင်မလေးတွေနဲ့အတူတူအလုပ်လုပ်ကြပါတယ်။

သူတို့တွေကတော့ ထက်မြက်တဲ့စာကြမ်းပိုးမာရီယာ၊
ရှေ့ဖြစ်ဟောဆရာမ လီနာ၊ပြီးတော့ သူ့မောင်နှမတွေကိုပြန်တွေ့ဖို့လူစုနေတဲ့ တိုင်းတစ်ပါးသူလေး ဒါနာတို့ဖြစ်ကြပြီး
တစ်နေ့တော့ သူတို့ဆီကိုဖုန်းတစ်ခုဝင်လာခဲ့ပြီး အဲ့ဒီလူက အပန်းဖြေစခန်းတစ်ခုမှာ
ဆယ်ရက်စာ အကသမားလိုနေတဲ့အကြောင်းပြောလာပါတယ်။

အဲ့ဒီအလုပ်ကိုအားလုံးလက်ခံပြီးတော့ သူတို့ဖျော်ဖြေရမယ့် အပန်းဖြေစခန်းကိုရောက်ရှိပြီးတဲ့နောက်ဖောက်သည်မျှော်ရင်း
မြေအောက်ခန်းတစ်ခုကိုအမှတ်မထင်တွေ့ရှိခဲ့ပြီး အဲ့ဒီမှာရှာတွေ့တဲ့ သေမင်းစာအုပ်ကို မာရီယာကရွတ်ဖတ်လိုက်မိချိန်မှာ
ဆူရှီဖြစ်ပြီးသားတွေ၊သူတို့ကိုင်နေတဲ့ ငါးတွေစတင်အသက်ဝင်လာခဲ့ပြီးနောက် အုံကြွသောင်းကျန်းလာခဲ့တဲ့ ပ
တ်ဝန်းကျင်တစ်ခုလုံးက ဖုတ်ကောင်တွေနဲ့ရင်ဆိုင်တိုက်ခိုက်ရတော့မှာဖြစ်ပါတယ်။

ဂျပန်လူကြီးရုပ်ရှင်လောကရဲ့နာမည်ကျော်မင်းသမီးလေးတွေဖြစ်တဲ့ Sora Aoi,Risa Kasumi တို့ဦးဆောင်ပါဝင်ထားကြပြီး
ဇာတ်လမ်းက အခွီပါ။သွေးသံရဲရဲ ခုတ်ထစ်သတ်ဖြတ်တာတွေ ပေါက်ကရပြကွက်တွေနဲ့ wtf moments တွေအများကြီးပါပါတယ်။
ဘာတွေပေါက်ကရလုပ်ပြကြမှာလဲဆိုတာတော့ ကိုယ်တိုင်ခံစားကြည့်ရှုလိုက်ကြပါ။

The Machine Girl တို့ Mutant Girls Squad တို့လိုဇာတ်ကားတွေကြည့်ဖူးရင် ဒီကားကိုလည်းလက်မလွတ်သင့်ပါ။

(Dark Side Production မှ တင်ဆက်သည်။)