Download !

Naked Weapon (2002)

0 views

ကမ္ဘာတစ်ဝှမ်းလုံးမှာ ၁၃ နှစ် အရွယ် မိန်းကလေးတွေ ပျောက်နေကြတယ်။
ဒါနဲ့ ပတ်သတ်ပြီး CIA က Jack Chen နဲ့ သူ့အဖွဲ့ဟာ လိုက်လံစုံစမ်းနေခဲ့တာကြာပြီ။
သူတို့ရဲ့ တစ်ခုတည်းသော သဲလွန်စက
မဒမ် M ဆိုတဲ့ အမျိုးသမီး နဲ့ သူဦးဆောင်တဲ့ အဖွဲ့အစည်းပဲ။
မဒမ် M ဟာ ကမ္ဘာ တစ်ဝှမ်းမှာရှိတဲ့ ၁၃ နှစ် အရွယ် မိန်းကလေးငယ်တွေကို ပြန်ပေးဆွဲတယ်။
လူသူမနီးတဲ့ ကျွန်းဆီ ခေါ်သွားပြီး
အဲဒီ မိန်းကလေးတွေကို စစ်ရေးလေ့ကျင့် သင်ကြားပေးတယ်။
မဒမ် M ပြန်ပေးဆွဲတဲ့ မိန်းကလေးတွေအားလုံးဟာ
အားကစား ဒါမှမဟုတ် ကိုယ်ခံပညာ တစ်ခုခုမှာ
အများနဲ့ မတူအောင် ထူးချွန်တဲ့ သူတွေ ဖြစ်တယ်။
အဲဒီထဲမှာ Charlene ဆိုတဲ့ ကလေးမလေးလည်း ပါတယ်။
CIA က Jack Chen က လည်း ပျောက်သွားတဲ့ ကလေးတွေနဲ့ Charlene တို့
အကြောင်းကို လိုက်စုံစမ်းနေခဲ့တာ ၈ နှစ်ကြာတဲ့အထိ ဘာသဲလွန်စမှ မရခဲ့ဘူး။

၈ နှစ်ကျော်ကြာပျောက်ဆုံးနေတဲ့ ကလေးမတွေဟာ မဒမ် M ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လေ့ကျင့်ရေးစခန်းကနေ
လှပချောမောပြီးရက်စက်စွာဇီဝိန်ချွေတတ်တဲ့ မိန်းမလှလေးအဖြစ် ထွက်ပေါ်လာတဲ့အမှာတော့…

မဒမ် M တစ်ယောက် သူပျိုးထောင်ထားတဲ့ မိန်းမငယ် လူသတ်သမားလေးတွေနဲ့
ဘယ်လို ပြစ်မှုတွေကို ကျူးလွန်မှာလဲ
Charlene တစ်ယောက်ကရော မဒမ် M အားကိုးရတဲ့ အတော်ဆုံး လူသတ်သမား ဖြစ်လာမှာလား
သူ့ကို လိုက်စုံစမ်းနေတဲ့ Jack Chen နဲ့ ရော ဘယ်လိုတွေ ရေစက်ဆုံဖြစ်ကြမှာလဲ
မဒမ် M တို့ အဖွဲ့အစည်းကြီးကရော နောက်ဆုံးမှာ ဘာဖြစ်သွားမှာလဲဆိုတာ……။

ဒီကားမှာ Charlee Ching အဖြစ် Nikita မင်းသမီး Maggie Q အဓိကပါဝင်ထားပြီး
မင်းသား Daniel Wu နဲ့အခြားသရုပ်ဆောင်များစွာအားဖြည့်ထားပါတယ်။

2002 ခုနှစ်ကထွက်ရှိခဲ့တဲ့ဇာတ်ကားဖြစ်ပေမယ့် အမျိုးသမီးဖိုက်တာဇာတ်ကြမ်းတွေထဲမှာတော့
အခုချိန်ထိဗိုလ်စွဲနေသေးတဲ့ အက်ရှင်ဇာတ်ကားဖြစ်ပါတယ်။

(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို DreamWalker မှ တင်ဆက်ထားပါတယ်။)