ဒီကိုရီးယားဇာတ်ကားက ထူးဆန်းပါတယ်။ ဘာစကားမှ မပြောပါဘူး။
18+ သီးသန့် ဇာတ်ကားလဲ မဟုတ်တာ အသေအချာပါ။
ဇာတ်လမ်းကတော့ ကြက်သီးထစရာဖြစ်ပြီး
ဇာတ်လမ်းလို့ပြောရမလား အတွေးတစ်စလို့ပြောရမလား
တကယ့်အဖြစ်အပျက်ကိုဒီတိုင်းထိုင်ကြည့်နေရတာလို့ ပြောရမလား
အတော်ပဲ ဇဝေဇဝါဖြစ်ရတဲ့ဇာတ်ကားပါ။
ဒါရိုက်တာ Kim Ki-duk က ရိုက်ကူးထားပြီး သူ့အကြောင်းနဲ့ သူ့အနုပညာကိုတော့
သူရိုက်ခဲ့တဲ့ 3‑Iron (2004), Spring Summer(2003), Bad Guy(2001), The Isle(2000) စတဲ့ဇာတ်ကားတွေမယ် အထင်အရှားမြင်ရပြီးသား ဖြစ်မှာပါ။
ရုပ်ရှင်ဝေဖန်ရေးဆရာတွေရဲ့ ကောင်းမွန်တဲ့မှတ်ချက်တွေရရှိထားတဲ့ ဒီဇာတ်ကားဟာ
ပြသစဉ်တုန်းကတော့ ပရိတ်သတ်တွေရဲ့ အုတ်အော်သောင်းနင်းဖြစ်မှုကိုရရှိခဲ့ပြီး
ဘာလိုကြောင့်များလဲဆိုတာ သိချင်ရင် ကြည့်ကြပါဦး။