18+လို့ခေါင်းစဉ်တပ်ထားလို့ လိင်အသားပေးသီးသန့်ချည်းပါတယ် မထင်လိုက်ပါနဲ့
ဒါပေမဲ့ ရုပ်ရှင်ရဲ့အလိုသဘောအရတော့ အသုံးအနှုန်းတွေ၊ တချို့ပြကွက်တွေက
အရွယ်ရောက်ပြီးသားလူတွေနဲ့ပဲသင့်တော်မယ့် အနေအထားမို့လို့ပါ
ဒီဇာတ်ကားကို Netflixကဖြန့်ချီပြီး အိန္ဒိယရဲ့နာမည်ကြီး ဒါရိုက်တာလေးဦးဖြစ်တဲ့
Karan Johar Anurag Kasyap Zoya Akhtar Dibakar Banerjee တို့ကရိုက်ကူးထားတာပါ။
ဇာတ်လမ်းတိုလေးခုနဲ့ဖွဲ့စည်းထားပြီး ဒိတ်ဒိတ်ကျဲသရုပ်ဆောင်များနဲ့ အကောင်းဆုံးပုံဖေါ်ထားတာပဲဖြစ်ပါတယ်
Love & Sex, Sex & Lust ကို အမျိုးသမီးတွေဘက်မှ အကောင်းဆုံး ရိုက်ပြထားတာပါ။
အမျိုးသမီးတစ်ယောက်ရဲ့ဆန္ဒ၊ ယောက်ျားတွေ သတိမထားမိတဲ့ သူတို့လိုအပ်ချက်တွေ
အမျိုးသမီးအချင်းချင်းတောင် မသိနိုင်တဲ့ တချို့တချို့ကိစ္စတွေကို ပညာသားပါပါနဲ့ အမိုက်ဆုံးဖြစ်အောင် ပြသ,သွားခဲ့တာပါ။ ”
အမျိုးသမီးတစ်ယောက်ရဲ့ဆန္ဒက ကလေးရရုံသက်သက်ပဲ မဟုတ်ပါဘူး ”
” ကိုယ်ချစ်တဲ့သူကို နစ်နာအောင်မလုပ်ကြဘူး မှန်တယ်လို့ပဲပြောရမှာပေါ့
ရည်ရွယ်ရွယ်ချက်ရှိရှိနဲ့တော့မဟုတ်ဘူး ဘာကြောင့်လဲဆိုတော့
ကိုယ်ချစ်တဲ့လူတွေကိုပဲ အမြဲနစ်နာစေတာကြောင့်ပဲ ကိုယ်မချစ်တဲ့သူကို နစ်နာအောင်လုပ်လို့မရဘူးလေ ”
ဇာတ်လမ်းတိုတွေဆိုပေမယ့် တကယ့်ကို Epicဖြစ်အောင်တင်ဆက်ထားလို့
ကြည့်ဖြစ်အောင်ကြည့်လိုက်ကြဖို့ လက်တို့လိုက်ပါရစေ
#LustStories
(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုဇော်ထူး ဖြစ်ပါတယ်)