တစ်ညလုံးနှစ်ယောက်တည်း အတူရှိနေတဲ့ ယောင်္ကျားလေးနဲ့မိန်းကလေး
နောက်နေ့မနက်အထိ…ဘာမှောက်မှားမှုမှ မဖြစ်တာဘာကြောင့်ပါလဲ…
မိန်းကလေးကိုယ်တိုင် Sexy dance နဲ့ဆွဲဆောင်တယ်…
မိန်းကလေးကိုယ်တိုင် မာယာအပြည့်နဲ့ဆွဲဆောင်တယ်…
မိန်းကလေးကိုယ်တိုင် ခန္ဓာအလှနဲ့ဆွဲဆောင်တယ်…
အဲ့ဒါတောင်…ယောင်္ကျားလေးဖြစ်သူက တုံ့ပြန်မှုတစ်စုံတစ်ရာမပေးတာ ဘာကြောင့်ပါလဲ…
ဘာကြောင့်လဲဆိုတာကို ဖန်တီးရိုက်ကူးထားတဲ့
Love Clinic ဆိုတဲ့ ကိုရီးယားဇာတ်ကားဟာ IMDb Rating (6.0) ရရှိထားပါတယ်။
ဇာတ်လမ်းလေးက ချစ်မှုရေးရာဖွဲ့ဇာတ်လမ်းလေးပါ။
မိသားစုနဲ့ကြည့်ဖို့မသင့်တော်လို့သာ 18+ ခေါင်းစဉ်တပ်ထားပေမယ့်
Comedy,Drama ဇာတ်လမ်းလေးပါပဲ။
ဇာတ်လမ်းအကျဉ်းကတော့…
Wang Seong-ki (မင်းသားOh Ji-ho) က အမျိုးသမီး သားဖွားဆရာဝန် / မီးယပ်သားဖွားပညာရှင်ပါ။
Gil Sin-seol (မင်းသမီးKang Ye-won) ကတော့ ဆီးရောဂါပါရဂူပါ။
Gil Sin-seol (Kang Ye-won) က သူ့ဖခင်ဆရာဝန်အပေါ်မခံချင်စိတ်နဲ့
အမျိုးသားမျိုးပွားအင်္ဂါအထူးပြုပညာရှင်ဖြစ်ဖို့ကြိုးစားနေသူပါ။
Wang Seong-ki ရော Gil Sin-seol မှာပါ လျှိုု့ဝှက်ချက်တွေကိုယ်စီရှိလို့ချစ်သူတွေမထားကြပါဘူး။
သူတို့နှစ်ယောက်မမျှော်လင့်ဘဲ အဆောက်အအုံတစ်ခုအတွင်းမှာ ကပ်လျှက်ဆေးခန်းဖွင့်မိတဲ့အခါမှာတော့..
တစ်ယောက်နဲ့တစ်ယောက်အမြင်စောင်းမှု၊အဆင်မပြေမှု၊အလွဲလွဲအမှားမှားတွေကြားက ချစ်ခရီးလမ်းလေး လျှောက်မိတဲ့အခါ…. ။
ဒီဇာတ်ကားကိုကြည့်ပြီး သိလာရတာက…
ချစ်တယ်ဆိုတာ စိတ်နဲ့တင်ချစ်နေလို့မရပါဘူး…
ချစ်တာကို ချစ်နေမှန်းသိအောင်ပြသဖို့လည်း လိုပါတယ်။
#AYK
(ရုပ်ရှင်အညွှန်းကို myanmarload.com မှကူးယူဖော်ပြပါသည်။)