Download !

[18+] Flirting in the Air (2014)

0 views

၂၀၁၄ ခုနှစ်ကနေ မင်မင်းဆက်ခေတ်ကို ခုန်ကူးသွားမယ့် ကမ္ဘာပတ်တဲ့ကပ္ပတိန်ကူး…

လေယာဉ်ကိုအရမ်းရူးသွပ်တဲ့ ကပ္ပတိန်ကူး…

မိန်းကလေးတွေဆို အရမ်းချစ်တဲ့ ကပ္ပတိန်ကူး…

၂၁ ရာစုမှာ ပွေရှုပ်တာအားမရလို့ ‌မင်မင်းဆက်အထိသွားရှုပ်မယ့် ကပ္ပတိန်ကူး…

ကပ္ပတိန်ကူးရဲ့ဂေါ်ချက်ကတော့ သူဌေးရဲ့မိန်းမနဲ့မှ ဆတ်ဆတ်လူးနတ်ပူးမိပါတော့တယ် ။ သူဌေးက သိသွားပြီး အလုပ်ထွက်ခိုင်းခဲ့တာကြောင့် နောက်ဆုံးတစ်ခါလေယာဉ်မောင်းရင်း လေယာဉ်ပေါ်မှာလည်း လေယာဉ်မယ်တွေကို အလွတ်မပေးခဲ့ပါဘူး။

မိုးမမြင်လေမမြင်ကဲနေကြတုန်း လေယာဉ်ကြီးက သံလိုက်စက်ကွင်းထဲဝင်ရောက်သွားတဲ့အခါ… ‌ရှေးဘုရင် မင်မင်းဆက်ဆီ ဝုန်းခနဲရောက်သွားပါတော့တယ်။ ကပ္ပတိန်ကူးပဲလေ… ငြိမ်ငြိမ်ဘယ်နေပါ့မလဲ။ မင်မင်းဆက်မှာ နှာဘူးလိုက်ထရင်း မင်မင်းဆက်သမိုင်းရဲ့ အရေးပါဆုံးဖြစ်ရပ်ထဲမှာ သူဝင်ပါမိသွားတဲ့အခါ….

ပေါ့ပေါ့ပါးပါးလေးကြည့်ဖို့ အဆင်ပြေတဲ့ကားလေးဖြစ်ပေမယ့် မိသားစုနဲ့တော့အတူတူမကြည့်နဲ့နော်။ တော်ကြာနေ နရင်းအုပ်ခံနေရမှာစိုးလို့ပါ ။

ပါ၀င်ထားတဲ့သူတွေကလည်း ရှောင်လင်ဘောလုံးကားထဲက ဖက်တီးတို့ တကယ့် ဟာသနဲ့ ငဘူးအုပ်စုဖြစ်တဲ့သူတွေ အပြင် ဒါရိုက်တာကလည်း Sex and Zen ရိုက်တဲ့သူဆိုတော့ ရှယ်ပေ့ါ ။